မြန်မာ့ SME လုပ်ငန်းများအတွက် လုံခြုံစိတ်ချရသော Cloud Solution နှင့် ထိရောက်သော Digital သင်တန်းများ နှင့်
နည်းပညာဖြင့် မိမိလုပ်ငန်းကို အဆင့်မြှင့်တင်ပြီး တိုးတက်မှုကိုရယူလိုက်ပါ
အသေးစား အလတ်စားလုပ်ငန်းအားလုံး နည်းပညာအသုံးပြုပြီး တိုးတက်စေရမည်။
"လုပ်ငန်းသုံး Apps "
မိတ်ဆွေလုပ်ငန်းတွင်း လွယ်ကူမြန်ဆန်မည့် လုပ်ငန်းခွင်အတွင်း စာရင်းဇယားနှင့် ဒေတာစီမံခန့်ခွဲမှုများကို လွယ်ကူမြန်ဆန်စေမည့် Application ဖန်တီးပေးခြင်း။
Digital Transformation Consulting
"Digital နည်းပညာနဲ့ လုပ်ငန်းဘယ်လိုချဲ့မလဲ"
မြန်မာ့ SME လုပ်ငန်းများအတွက် လုံခြုံစိတ်ချရသော digital ဖြင့်အစားထိုးပြီး လွယ်ကူ မြန်ဆန်စေမည့် ပြောင်းလဲမှုစနစ်
Cloud Storage ဖြင့်လုပ်ငန်းတိုင်း သိမ်းဆည်းရမည့်အရေးကြီးအချက်အလက်တွေကို တနေရာထဲ စနစ်တကျ သိမ်းဆည်းမှုနည်းပညာ
ကျွမ်းကျင်မှုလိုအပ်ချက်များရှိပါကလည်း Digital On job training Plan
၁။ စနစ်တကျ ဒေတာစီမံခန့်ခွဲမှု (Business Application)
လုပ်ငန်းတော်တော်များများတွင် စာရင်းဇယားများနှင့် အချက်အလက်များကို Manual စနစ်ဖြင့် ကိုင်တွယ်နေရခြင်းကြောင့် အမှားအယွင်းများပြီး အချိန်ကုန်ကြန့်ကြာမှုကို ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရပါသည်။ ထို့ကြောင့် SME များ၏ လုပ်ငန်းခွင်အတွင်း လိုအပ်ချက်နှင့် ကိုက်ညီသော၊ အသုံးပြုရလွယ်ကူပြီး တိကျမှုရှိသော Business Applications များကို စတင်ဖန်တီးပေးခြင်းဖြင့် ကျွန်ုပ်တို့၏ ခရီးစဉ်ကို စတင်ခဲ့ပါသည်။
၂။ ဒေတာလုံခြုံရေးအတွက် ဖြေရှင်းချက် (Cloud Storage)
လုပ်ငန်းများ ဒစ်ဂျစ်တယ်သို့ ကူးပြောင်းလာသည်နှင့်အမျှ "အချက်အလက်တွေ ပျောက်ဆုံးသွားမလား" သို့မဟုတ် "ဘယ်လိုလုံခြုံအောင် သိမ်းမလဲ" ဆိုသည့် စိုးရိမ်မှုများကို ကျွန်ုပ်တို့ ဖြေရှင်းပေးရန် ကြိုးပမ်းခဲ့သည်။ ထို့ကြောင့် မြန်မာ့ SME များအတွက် ဘယ်နေရာကမဆို လုံခြုံစွာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အလို အလျောက် Backup ပါဝင်သည့် Cloud Storage စနစ်ကို အသုံးပြုခဲ့ပါသည်။
၃။ အပြောင်းအလဲအတွက် အကြံပေးခြင်း (Digital Transformation Consulting)
နည်းပညာရှိရုံဖြင့် လုပ်ငန်းတစ်ခု မတိုးတက် နိုင်ကြောင်းကျွန်ုပ်တို့ နားလည်ပါသည်။ ထို့ကြောင့် လုပ်ငန်းတစ်ခုချင်းစီ၏ သဘာဝကို လေ့လာပြီး အကောင်းဆုံးသော Digital နည်းလမ်းများကို လမ်းညွှန်ပေးသည့် Consulting ဝန်ဆောင်မှုကို တိုးချဲ့ခဲ့ပါသည်။ ကျွန်ုပ်တို့သည် လုပ်ငန်းရှင်များအား ခေတ်မီနည်းပညာဖြင့် လုပ်ငန်းချဲ့ထွင်နိုင်ရန် လက်တွေ့ကျသော အကြံဉာဏ်များ ပေးအပ်ခဲ့ပါသည်။
၄။ လူသားအရင်းအမြစ် မြှင့်တင်ခြင်း (Digital Training)
နောက်ဆုံးအနေဖြင့်၊ စနစ်များ မည်မျှပင်ကောင်းစေကာမူ အသုံးပြုသူ ဝန်ထမ်းများ ကျွမ်းကျင်မှုမရှိပါက မအောင်မြင်နိုင်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် "သင်ယူခြင်းမှ တိုးတက်ခြင်းသို့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လုပ်ငန်းခွင်အတွင်း တိုက်ရိုက်အသုံးချနိုင်မည့် Digital On-job Training များကို စနစ်တကျ သင်ကြားပေးခြင်းဖြင့် လုပ်ငန်းများကို အင်အားဖြည့်တင်းပေးခဲ့ပါသည်။
🌐 www.focusdigitalent.com
📱 09972697777, 09792037730
"ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုအသေးစိတ်နဲ့ စျေးနှုန်းတွေကို သိရှိဖို့ အောက်က Link မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။"
အနာဂတ်ကို ပုံဖော်မည့်သူများအတွက် Join Team မှာ ပူးပေါင်းပါ။